Batman Logo မြေပြန့်သားလေး: October 2012

Member ၀င်ဖို့လှိုက်လှဲစွာကြိုဆိုပါသည်

Thursday, October 11, 2012

***u tube များကိုဆောဝဲမသုံးပဲ ဒေါင်းနည်း***

မိမိကြိုက်နှစ်သက်တဲ့ u tubeလိုချင်သူတွေအတွက် အဆင်ပြေလိမ်မယ်လို့မျှော်လင့်ပါတယ်
ပထမအနေနဲ့  မိမိဒေါင်းလိုသည့် u tubeကိုဖွင့်ထားပါ
ဒုတိယအနေနဲ့ မိမိဒေါင်းလိုသည့် u tube လင့်မှာ www. ဆိုတဲ့နောက်မှာ
ss ရေးပီး enterခေါက်လိုက်ပါ

နောက်ဆုံးအဆင့်ကတော့ စောက enterခေါက်လိုက်တာနဲ့ ဒေါင်းဖို့ရာအတွက်
မိမိကြိုက်နှစ်သက်တဲ့ ဖိုင်ကိုရွေးနှိပ်လိုက်ရုံပါပဲ

Sunday, October 7, 2012

Firefox ရဲ့နောက်ဆုံး Web Browser ဖြစ်တဲ့ Firefox Nightly


Firefox ကနေအသစ်ထွက်လာတဲ့ Firefox Nightly လေးပါ မသိသေးတဲ့သူတွေအတွက်ပါ
Firefox နဲ့ နည်းနည်းကွာတယ် နည်းနည်းလည်းမြန်သလိုပါဘဲ သုံးကြည်ရင်တော့သိကြမှာပါ
အသစ်ထွက်လာလို့တင်ပေးလိုက်တာပါ
Download


ဒေါင်းဖို့နေရာကို အောက်မှာပုံနဲ့ပြထားပါတယ်

Firefox Nightly ကိုအသစ်ပြောင်းလိုက်ရင် Myanmar font မရတဲ့သူတွေရှိတက်ပါလိမ့်မယ်နော်
မရတဲ့သူငယ်ချင်းများအတွက်
Options > Options > Content > မှာ Default font မှာ Zawgyi-one ကို ပြောင်းပါ (ဘေးနားမှာ
မြှားရှိပါသည်)
ပြီးရင် ဘေးနားမှာပဲ ရှိနေတဲ့  advanced ကို ကလစ်ပါ fonts for မှာ other languages ကို ပြောင်းပါ
serif မှာ Zawgyi-one ပါ sans-serif မှာ Zawgyi-one ပါ Monospace မှာလည်း Zawgyi-one ပါ
အားလုံးပြောင်းပြီးသွားရင် Ok >Ok နဲ့  ပြန်ထွက်ပါ အဆင်ပြေပါလိမ့်မယ် အခု နောက်ပိုင်းထွက်တဲ့ Firefox တွေမှာလည်း ဒီနည်းနဲ့  အဆင်ပြေပါတယ်
သူငယ်ချင်းတို့အဆင်ပြေမယ်လို့ထင်ပါတယ်

ပျက်စီးသွားသော CD, DVD မှ Data များကို ပြန်ယူနည်း

စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီတို့မှာ ခြစ်ရာများ၊ ထင်းရာများ ကြီးကြီးမားမားဖြစ်သွား လို့ ခွေ ဖွင့်မရတော့တာမျိုး၊ မဖတ်တော့တာမျိုးတို့ ကြံဖူးမယ်ထင်ပါတယ်။ Laser printed လုပ်ထားတဲ့အတွက် လက်သည်းနဲ့ ချစ်မိရင်တောင် အခန့်မသင့်ရင် Data တွေပျက်ဆီးပါတယ်။ အဆိုးဆုံးကတော့ ခွေလုံးဝ ဖွင့်လို့ မရတော့တာပဲ ဖြစ်ပါတယ်။ အခု ဒီပြဿနာကို ဖြေရှင်း လို့ရတဲ့ ဆော့ဖ်ဝဲရှိပါတယ်။
အချက်အလက်အားလုံးကို အကောင်းအတိုင်း ပြန်မရဘူးဆိုရင်တောင်မှ စီဒီထဲမှာ ကျန်ရှိနေသေးတဲ့ အချက်အလက်၊ ရုပ်ရှင်၊ သီချင်း၊ MTV၊ Application အစရှိသဖြင့် အားလုံးကို ပြန်ရယူနိုင်မှာ ဖြစ်ပါတယ်။

၁။ အောက်ပါ လခ့်တွင် Roadkil’s Unstoppable Copierကို  ဒေါင်းလုခ်ဆွဲပါ။


www.techday.in/wp-content/uploads/2012/05/unstopcp_by_techday.zip

၂။ unstopcp by techday.zip ကို Extract လုပ်ပါ။ unstopcpc.exe ကို run ပေးပါ။

၃။ မိမိ ဒေတာပြန်လိုချင်သော စီဒီကို ကွန်ပျူတာထဲ ထည့်ပါ။

၎။ ဖွင့်ထားတဲ့ Application မှာ Browse ကိုနှိပ်ပြီး ခွေကိုရွေးရ ပါမယ်။ ပြီးတော့ Target မှာ ကိုယ် save လုပ်ချင်တဲ့ နေရာကို ညွန်းပေးနိုင်ပါတယ်။ ယာယီအားဖြင့် Desktop ပေါ်တင်ချင်ရင်လည်း Desktop ကိုရွေးချယ်နိုင်ပါတယ်။

၅။  copy ကိုနှိပ်လိုက်ရင် သူ့အလိုအလျောက် ပြန်ပြီးတော့ ကော်ပီ လုပ်ပေးပြီ ဖြစ်ပါတယ်။

သို့ပေမယ့် Roadkil’s က အသုံးပြုရတာ နှေးတယ်ပါတယ်။ ဒါကြောင့် Data copy speed မြန်ချင်တယ်ဆိုရင်

၁။ ကိုrun ထားတဲ့ application – unstopcpc.exe က Setting Tab ကိုဝင်ပါ တယ်။

၂။ Best Data Recovery နဲ့ Fastest Data Recovery ကြားထဲက ကိုလိုသ လို မြန်သချင်သလောက် တင်ပေးလို့ရပါတယ်။ အဆုံးထိတင်လည်းရ ပါတယ်။

စာဖတ်သူတို့ အသုံးပြုလို့အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။