Android ဖုန်းတွေကို နည်းလမ်းပေါင်းစုံနဲ့ Root လုပ်ကြပါတယ်။ Tool တွေကလဲတော်တော်စုံပါတယ်။ တစ်ချက်နှိပ်ရုံနဲ့ Root လုပ်ပေးနိုင်တဲ့ UnlockRoot, SuperOneClick Root, OneClickRoot, S-Tool, M-Tool, ZhuoDaShi ------ စသည်ဖြင့်ရှိကြပါတယ်။ သူ့ဟာနဲ့သူလဲအဆင်ပြေကြပါတယ်။ တချို့ဖုန်းတွေကြတော့လည်း တစ်ချက်နှိပ်ရုံနဲ့ Root လုပ်လို့မရပါဘူး။ ဒါကြောင့် Flash လုပ်ကြ၊ CWM သွင်းကြလုပ်ကြရပါတယ်။ အလုပ်ရှုပ်တဲ့အပြင် အဆင်မသင့်ရင် Firmware တောင်ကျသွားတယ်။ တချို့ဆိုရင် BootLoader Unlock Code တောင်းရပါသေးတယ်။ ဒီတော့တစ်ချက်နှိပ်ရုံနဲ့ Root လုပ်လို့ရတဲ့ Tool လေးတွေကလူသုံးများပြီးပိုစိတ်ချရပါတယ်။ UnlockRoot ဆိုတော်တော်လေး ကောင်းပြီးအသုံးများကြပါတယ်။ ခုလည်း Root Tool လေးတစ်ခုတွေ့ပြန်ပါပြီ။ SRSRoot လေးပါ။ (7.3 MB) ရှိပါတယ်။ Root နည်းကလဲထုံးစံအတိုင်း၊ Phone မှာ Unknown Source နဲ့ USB Debug လုပ်၊ ဖုန်းကိုကွန်ပျူတာမှာတပ်၊ Driver သိအောင်လုပ်၊ SRSRoot ကို RUN, Root Device နှိပ်။ ဒါပါပဲ။ သူလေးကလည်း 23 February 2013 နေ့ထိ ဖုန်းအမျိုးမျိုး 1020 (Android version)ကျော်ကို Root လုပ်အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်---- ဘာဖုန်းတွေလဲကြည့်ရအောင်..
အသုံးပြုနိုင်သော အမျိုးအစားများမှာအလွန်စုံလှပါသည်
Root လိုက်ကြရအောင်။ အဆင်ပြေရင် ပြန်ပြောဖို့မမေ့နဲ့နော်။
Solid files နှင့်ဒေါင်းရန်
Tus files နှင့်ဒေါင်းရန်
ိ
လိုအပ်သလိုပြန်လည်share နိုင်ပါသည်။
www.demonstar123.blogspot.com
No comments:
Post a Comment