သေမင်းကို စိန်ခေါ်
အိမ်ပေါ်မှာ ကျွန်တော့်ကိုမွေး
သတ္တိသွေးရဲတဲ့ အမေ ...
သားအကြောင်း
မမောတမ်း ပြောစတမ်း ဆို
အသံနာ အသံပြာတဲ့အထိ
ပ၀ါမကူ ရေမရှူ ပြောနိုင်တဲ့ အမေ ...
မှတ်မိသေးတယ် အမေရယ်
အခုလို လသာတဲ့ညတွေဆို
အမေ ဆိုတဲ့ သားချော့တေး
အမေ့ရင်ခွင် နွေးနွေးမှာ
ကွေးကွေးလေး အိပ်မောကျခဲ့တာတွေ
လွမ်းမိတယ် အမေရယ် ...
သားအရမ်းကြိုက်တဲ့ ထူးအိမ်သင်ကတော့
"ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ" တဲ့ ..
သားလည်း အမေ့ကြွေးဟောင်းတွေကို
မနှေးမနှောင်းဆပ်ဖို့ ကြိုးစားမယ် အမေ ...
အခုလောလောဆယ်တော့
သားကြွေးသစ်ချဖို့
သားအတွက် မိန်းမလိုက်တောင်းပေးဦး အမေ ... :p
လွမ်းရတု
No comments:
Post a Comment