1. Add Track
2. Customize
3. Publish ဆိုပြီးပေါ့ ပထမဆုံးတော့
အဆင့်တစ် ဖြစ်တဲ့ Add Track ပေါ့
Title မှာ ကိုယ်ပေးချင်တဲ့ Title ပေးပေါ့ ကျွန်တော်ကတော့ My Playlist လို့ပေးထားတယ် ပြီးတော့ သီချင်းက ဘယ်ကယူမှာလဲ Youtube ကနေယူမှာလား My computer ကနေ ယူမလားပေါ့ ကျွန်တော်ကတော့ ကိုယ်စက်ထဲက သီချင်းပဲ သုံးချင်တာမို့ My computer ကို ရွေးလိုက်ပါတယ်
My computer ရွေးပြီးရင်တော့ Browse ကိုရွေးပြီး ကိုယ့်စက်ထဲက ထည့်ချင်တဲ့သီချင်းကို ရွေးလိုက်ယုံပဲနော်
upload လေး ပြီးရင်တော့ သီချင်းလေးတွေ playlist လေး ထွက်လာပြီပေါ့နော် အဲမှာ ပုံလေးတွေသုံးချင်တယ်ဆိုရင် edit track ကနေပြီးတော့ ပုံလေးတွေထည့်ထည့် ဒါမှမဟုတ် Next သွားပြီးမှ Edit all ကနေပြီးပဲ ပုံသွားထည့်ထည့် ရတယ်လေနော် ကျွန်တော်ကတော့ Next ကို အရင်ရွေးလိုက်မိတယ်
ပုံလေးတွေ အားလုံးထည့်ပြီးသွားရင်တော့ Done ကို နှိပ်လိုက်နော်။ ပြီးရင် ဘာလုပ်ရမလဲဆိုတော့ ကိုယ့် playlist လေးကို ဘယ်လို template လေးတွေ သုံးချင်လဲဆိုတာကို စိတ်ကြိုက် template လေးတွေ ရွေးပြီး preview ကြည့်ပြီး စိတ်တိုင်းကျရွေးချယ်လို့ရပါတယ်။ နောက် အောက်က setting မှာလည်း စိတ်ကြိုက်ပြုပြင်လို့ရတယ်နော်
ပြီးရင်တော့ finish ပေါ့နော်။ ကဲ စိတ်ကြိုက်ပြင်ဆင်မှုလေးပြီးသွာရင်တော့ Code လေးတွေထုတ်ရအောင်လို့ Free Embed ကိုရွေးလိုက်နော်
ပြီးရင်တော့ ကိုယ့် playlist လေး ရပြီပေါ့နော် ကုဒ်ကတော့ ကျွန်တော် ပြထားပေမယ့် အဆင်ပြေတာလေး ရယူပေါ့နော်
ကုဒ်လေးတွေ copy ယူပြီးရင်တော့ မိမိပရိုဖိုင်လေးရဲ့ text box လေးမှာ paste ပေါ့နော် ထုံးစံအတိုင်း HTML လေးတော့ ပြောင်းအုံးနော် အဟဲ ဒါလေးကတော့ကျွန်တော်ရဲ့ playlist လေးပေါ့နော် နမူနာလေးပါအားလုံးလဲ အဆင်ပြေမယ်ထင်ပါတယ် လိုအပ်တာရှိရင်လဲ ပြောပါနော်
တစ်ခုတော့ရှိတယ် ကွန်နက်ရှင်လဲ အတော်အသင့်အဆင်ပြေမှဖြစ်မယ်ဗျ
အတော်လေးတော့လေးတယ်
ကွန်နက်ရှင်မကောင်းလို့ ပုံမပေါ်ရင်
တောင်းပန်ပါတယ်........
လွမ်းရတု



No comments:
Post a Comment