အချစ်စစ် ရဲ့ ရင် ခုန်သံတွေနဲ့အတူ
ရင် ခွင် အသည်း နှလုံးသားထဲမှာ
ချစ်ခြင်းမေတ္တာရဲ့ ပဲ့တင် သံတွေအထပ်ထပ်နဲ့
ငါအသက်ဆက် ရှင် သန်နေခဲ့တယ်
ချစ်ခြင်းတွေက တော့ ထပ်တူထပ်မျှပဲပေါ့
နယ်မြေ တွေဝေးကွာနေရလို့
အလွမ်းတွေက တော့ ပိုနေတယ်လေ
လိုအပ်တာလေးက အကြင် နာစကားလေးတွေပါ
မင်းနဲ့အတူတူ စကားပြောဖြစ်ခဲ့တဲ့နေ့လေးတွေကို
တိုးတိုးတိတ်တိတ် တမ်းတမ်းတတနဲ့ပဲ
တွေးတောနေမိတယ် ကောင်မ လေးရယ်.....။
Member ၀င်ဖို့လှိုက်လှဲစွာကြိုဆိုပါသည်
Tuesday, May 28, 2013
အဲ့ဒီ နေ့
အဲ့ဒီ နေ့က.....
ကမ္ဘ္ဘာကြီးချာချာလည်ပြီး မှောင် အတိကျသွားတဲ့ နေ့
ရင် ဘတ်တစ်ခုလုံး ဗြောင်းဆန် အောင် ထိခိုက်ကြေကွဲရတဲ့နေ့
ရင် ထဲက နေရှိုက် ရှိုက်တတ်လာ အောင် မျက် ရည်သွင် သွင် စီးတဲ့နေ့
မျက်ဝန်းအိမ်မှာမျက် ရည်အပြည့်နဲ့ ဘာဆိုဘာမှမမြင် ရတဲ့နေ့
လည်ချောင်းတစ်ခုလုံးတစ်ဆို့ပြီး အသံမထွက်နိုင် အောင် ဝမ်းနည်းငိုကြွေးခဲ့ရတဲ့နေ့
ခံစားသမျှတွေအားလုံး ပွင့်အံပေါက်ကွဲခဲ့ရတဲ့နေ့
အရူးကြီးတစ်ယောက်လို ဖြစ်ခဲ့ရတဲ့နေ့
အဲ့ဒီနေ့...အဲ့ဒီနေ့ဟာ...
ကျွန်တော့်အ မေ သေတဲ့နေ့ပါဗျာ.....။

ယူဆချက်
မိန်းမတစ် ယောက်ကို ချစ် ရတာဟာ
ခပ်ညံ့ညံ့ ဘောလုံးအသင်းကို အားပေးရတာနဲ့တူတယ်လို့
မင်းလူရဲ့ဝတ္ထုစာအုပ်မှာ ဖတ်ခဲ့ဖူးပါတယ်
သူဆိုလိုတာက စိတ်ပျက်စရာလို့ယူဆတာလားမသိဘူးလေ
ကျွန်တော်က တော့.....
မိန်းမတစ်ယောက်ကို ချစ် ရတာဟာ
ဆပ်ကပ်ထဲက ဓားပေါက်သမားလို
ကိုယ့်နှလုံးသားကို ကိုယ်ချိန် ရွယ်ပစ်ခတ်နေရတာနဲ့တူတယ်လို့
ယူဆပါတယ်ဗျာ.....။

စွဲထင် နေတဲ့ ပုံရိပ်
ပုံ ရိပ် တွေကို ရှင်းဖို့
Ctrl + A နဲ့ Select all ပေးပြီး
Shift +delete နဲ့ ဖျက်တာ တောင်
ကျန်တဲ့ပုံရိပ် တွေ အကုန်ပျက်ခဲ့ ပေမယ့်
မင်းပုံရိပ် တွေက error တတ် နေတယ် လေ
History ထဲမှာလည်း မင်းပုံရိပ်
Temporary floder ထဲမှာလည်း မင်းပုံရိပ်
Update service ကလည်း မင်းပုံရိပ် တွေပဲတတ်တတ်လာတယ်
restart လည်း ခဏခဏချခဲ့ ပေမယ့်
Memory error က တော့ တတ်ဆဲပါပဲ.....က လေးရယ် ။

Monday, May 27, 2013
မျက်ဝန်းညိုညို
♥♥♥ မျက်ဝန်းညိုညို ♥♥♥
မျက်ဝန်းညိုညို မိုးတွေစို
ရင်ဖွင့်စရာစကားလုံးများက တစ်ဆို့လို့
တစ်ဆစ်ဆစ်နာကျင်ခဲ့ရတဲ့ လည်ချောင်းဝမှာ
တလှိုက်လှိုက်တတ်လာတဲ့ ရင်တွင်းနာက
တစ်ချက်ချက်မြည်နေတဲ့ စက္ကန့်တွေကို
အတ္တတွေနဲ့ ငါပိတ်ဆို့ပစ်ခဲ့တယ်
ငါဘာတွေဖြစ်နေတာလဲ မစဉ်းစားတတ်လောက်အောင်
အရာရာဟာခါးသက် စကားလုံးတွေခါးသက်
အတွေးများစွာခါးသက် ကွန်မန့်တွေလည်းခါးသက်
အပြင်းစားယမကာတွေနဲ့ မူးယစ်နေရင်း
ငါ့ကိုယ်ငါမဝံ့မရဲနဲ့ ပြန်ကြည့်လိုက်မိတယ်
သြော်.....ငါ့မျက်ဝန်းထဲမှာ.... .
ငါ့ရဲ့မျက်ဝန်းညိုညိုထဲမှာ.....
မိုးတွေတောင်မှ ရွချနေပါရောလား.....။

သြော်.....ငါ့မျက်ဝန်းထဲမှာ....
ငါ့ရဲ့မျက်ဝန်းညိုညိုထဲမှာ.....
မိုးတွေတောင်မှ ရွချနေပါရောလား.....။
Saturday, May 25, 2013
Android ဘော်ဒါတွေအတွက် window 7 Theme

ဒီတစ်ခါတော့ လန်းမယ်ထင်တာလေးပေါ့ ကိုယ့် Android ဘော်ဒါတွေအတွက်ပါ ..သူကတော့ window 7 အတိုင်းပဲ တော်တော်လည်းသွက်ပါတယ် ကဲအောက်မှာ ဒေါင်းပြီး စမ်းသုံးကြည့်လိုက်နော်
ဒီမှာဒေါင်းရန်
Thursday, May 23, 2013
မိမိ ဓာတ်ပုံလေးကို အောက်ကလို အလန်းပြင်ကြည့်ရအောင်
ကဲ အပေါ်က ပုံလေးအတိုင်းလုပ်ချင်ရင်တော့ ဒီကိုကလစ်
ပြီရင် ကျန်တာက လွယ်လွယ်လေးပါ ဒါကိုတော့ ပြောပြစရာမလိုတော့ဘူးလို့ထင်ပါတယ် အဆင်မပြေရင် အောက်မှာ အော်ခဲ့နော်
ဒဏ်ရာ
ဒဏ်ရာ
ဘသဟာ မ စ မယ့်သူကိုပျူငှာစွာကြိုဆိုရင်း
တနေ့ပြီးတနေ့အလုပ်များနေတယ်။
အမုန်းဆိုတာ ရင်ထဲမှာအသာထား
ကြီးပွားတိုးတက်မယ့်အရာမဟုတ်ဘူး။
အပြုံးတခုကိုတော့လူတိုင်းအတွက်
အသုံးပြုရလိမ့်မယ်။
ဒါဟာအောင်မြင်မှု အခြေခံအဆင့်
နှလုံးသား မော်နီတာကပြတဲ့အဖြေ
အမြတ်အစွန်းတွေချည်းပဲတဲ့။
ဒါဆိုမှန်ပြီ
ခံစားချက်သာလှံသွားတလက်ဖြစ်မယ်ဆိုရင်
စူးမယ့်စူး သူများရင်ကိုပဲစူးကိုယ်ကဦးအောင်ထိုးလိုက်ချင်ပေမယ့်
အချစ်ကိုမဖြစ်နိုင်တဲ့နေရာတခုမှာတံကျင်လျှိုထားလိုက်ရပြီ
ဒါသည်တခုတည်းသော ဒဏ်ရာပါ။
williammanasat@gmail.com

Subscribe to:
Comments (Atom)