မိန်းမတစ် ယောက်ကို ချစ် ရတာဟာ
ခပ်ညံ့ညံ့ ဘောလုံးအသင်းကို အားပေးရတာနဲ့တူတယ်လို့
မင်းလူရဲ့ဝတ္ထုစာအုပ်မှာ ဖတ်ခဲ့ဖူးပါတယ်
သူဆိုလိုတာက စိတ်ပျက်စရာလို့ယူဆတာလားမသိဘူးလေ
ကျွန်တော်က တော့.....
မိန်းမတစ်ယောက်ကို ချစ် ရတာဟာ
ဆပ်ကပ်ထဲက ဓားပေါက်သမားလို
ကိုယ့်နှလုံးသားကို ကိုယ်ချိန် ရွယ်ပစ်ခတ်နေရတာနဲ့တူတယ်လို့
ယူဆပါတယ်ဗျာ.....။
No comments:
Post a Comment