မျက်ဝန်းညိုညို မိုးတွေစို
ရင်ဖွင့်စရာစကားလုံးများက တစ်ဆို့လို့
တစ်ဆစ်ဆစ်နာကျင်ခဲ့ရတဲ့ လည်ချောင်းဝမှာ
တလှိုက်လှိုက်တတ်လာတဲ့ ရင်တွင်းနာက
တစ်ချက်ချက်မြည်နေတဲ့ စက္ကန့်တွေကို
အတ္တတွေနဲ့ ငါပိတ်ဆို့ပစ်ခဲ့တယ်
ငါဘာတွေဖြစ်နေတာလဲ မစဉ်းစားတတ်လောက်အောင်
အရာရာဟာခါးသက် စကားလုံးတွေခါးသက်
အတွေးများစွာခါးသက် ကွန်မန့်တွေလည်းခါးသက်
အပြင်းစားယမကာတွေနဲ့ မူးယစ်နေရင်း
ငါ့ကိုယ်ငါမဝံ့မရဲနဲ့ ပြန်ကြည့်လိုက်မိတယ်
သြော်.....ငါ့မျက်ဝန်းထဲမှာ....
ငါ့ရဲ့မျက်ဝန်းညိုညိုထဲမှာ.....
မိုးတွေတောင်မှ ရွချနေပါရောလား.....။
No comments:
Post a Comment