ဒဏ်ရာ
ဘသဟာ မ စ မယ့်သူကိုပျူငှာစွာကြိုဆိုရင်း
တနေ့ပြီးတနေ့အလုပ်များနေတယ်။
အမုန်းဆိုတာ ရင်ထဲမှာအသာထား
ကြီးပွားတိုးတက်မယ့်အရာမဟုတ်ဘူး။
အပြုံးတခုကိုတော့လူတိုင်းအတွက်
အသုံးပြုရလိမ့်မယ်။
ဒါဟာအောင်မြင်မှု အခြေခံအဆင့်
နှလုံးသား မော်နီတာကပြတဲ့အဖြေ
အမြတ်အစွန်းတွေချည်းပဲတဲ့။
ဒါဆိုမှန်ပြီ
ခံစားချက်သာလှံသွားတလက်ဖြစ်မယ်ဆိုရင်
စူးမယ့်စူး သူများရင်ကိုပဲစူးကိုယ်ကဦးအောင်ထိုးလိုက်ချင်ပေမယ့်
အချစ်ကိုမဖြစ်နိုင်တဲ့နေရာတခုမှာတံကျင်လျှိုထားလိုက်ရပြီ
ဒါသည်တခုတည်းသော ဒဏ်ရာပါ။
williammanasat@gmail.com
No comments:
Post a Comment